မြန်မာမွတ်စ်လင်မ်အကူအညီပေးရေး အဖွဲ့ (MMAID) မှ ငလျင်ဒုက္ခသည်များအား အရေးပေါ်ကူညီမှုများ ဆောင်ရွက်

(၂၃ ဧပြီ ၂၀၂၅)

မကြာသေးမီက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ခံစားနေရသူများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ပံ့ပိုးကူညီရေးကော်မတီ (Myanmar Muslim Aid – MMAID) မှ အရေးပေါ်လိုအပ်ချက်များကို အလျင်အမြန် ဖြည့်ဆည်းပေးလျက်ရှိပါသည်။

၂၃ ဧပြီ ၂၀၂၅ ရက်နေ့အထိ MMAID မှ လှူဒါန်းငွေ ကျပ်ငွေ ၂,၉၆၄,၈၂၇,၃၀၃ (နှစ်ဘီလီယံကျော်) ကောက်ခံရရှိထားကြောင်းသိရပါတယ်။

စိတ်ပါဝင်စားသူ အများပြည်သူများအနေဖြင့်

  • ပညာအားဖြင့်သော်လည်းကောင်း
  • ငွေအားဖြင့်သော်လည်းကောင်း
  • လုပ်အားဖြင့်သော်လည်းကောင်း
    ပူးပေါင်းပါဝင်ကြပါရန် ပန်ကြားအပ်ပါသည်။ ဟု Myanmar Muslim Aid – MMAID facebook ပိတ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ပံ့ပိုးရေးကော်မတီ Myanmar Muslim Aid (MMAID) တွင် မည်သူမဆို ပါဝင်ကူညီနိုင်ပါကြောင်း နဲ့ အဖွဲ့အစည်း အနေနဲ့ လည်းကောင်း ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်းကောင်း ပူးပေါင်းပါ၀င်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်ဟု ပိတ်မှာ ဖော်ြပထားပါတယ်။

ရေတို ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အလှူငွေများ လုံလောက်စွာရရှိပြီးဖြစ်သော်လည်း ဗလီ (၂၂)လုံး ပြန်လည်ပြုပြင်တည်ဆောက်ရန် အဆိုပြုမှုများလက်ခံရရှိထားပြီး ပဏာမအလှူငွေ သိန်းခြောက်ထောင်ကျော် ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် အလှူငွေအများအပြား ဆက်လက်လိုအပ်နေပါသဖြင့် အလှူငွေနည်းများ မဆို ပါဝင်လှူဒါန်း ကုသိုလ်ယူကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါကြောင်း အဖွဲ့ ၀င်တစ်ဦး ထံမှ သိရပါတယ် ။

#MMAID #မြန်မာမွတ်စ်လင်မ်အကူညီ #ငလျင်ကူညီမှု #လူသားချင်းစာနာမှု #မြန်မာ

Myanmar Muslim Aid – MMAID offical facebook page link https://www.facebook.com/myanmarmuslimaid/

Spread the love

More From Author

ရိုဟင်ဂျာများ ပြန်လာရေး မျှော်မှန်းနေသော်လည်း အခက်အခဲများ ရှိနေ

တရုတ် က အသစ် တီထွင်လိုက်တဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသတ်ဖောက်ခွဲ

ဗီဒီယိုသတင်း

Myanmar Muslims News Network
Myanmar Muslims News Network
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?