ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ ခေါင်းဆောင် မုဟမ္မဒ်ယူနူးစ်က ရိုဟင်ဂျာမွတ်စလင်များကို “နောက် အီးဒ်ပွဲတော်မှာ မြန်မာနိုင်ငံ က မိမိအိမ်များတွင် ကျင်းပနိုင်ကြပါစေဟု အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းကြပါစို့” ဟု ပြောကြားခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ စစ်တပ်အကြား ပဋိပက္ခများကြောင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ထွက်ပြေးခဲ့ကြရပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇား ဒုက္ခသည်စခန်းတွေနဲ့ ဘသျှန်ချာကျွန်းမှာ ရိုဟင်ဂျာ တစ်သန်း ခန့် ရှိနေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးပြီးနောက် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် က ရိုဟင်ဂျာ ဒုက္ခ သည် ၈၀,၀၀၀ ခန့် ပြန်လက်ခံ ရန် အတည်ပြုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ပြန်ကြားရေးအရာရှိ အာဇာဒ်မာဂျမ်ဒါက “ဒါဟာ တိုးတက်မှု တစ်ခု ဖြစ်သော်လည်း ပြန်လည်နေရာချထားရေးအတွက် လုံလောက်မှုမရှိသေးပါဖူး။ ရိုဟင်ဂျာတွေက လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လာဖို့ ပဲ အမြဲတမ်းတောင်းဆိုနေကြပါတယ်” လို့ ပြောပါတယ်။ ထို့အပြင် ရခိုင်ပြည်နယ်ကို လုံခြုံစိတ်ချရသည်ဟု မယူဆမချင်း “ပြန်လည်နေရာချထားရေး စတင်နိုင်မှာ မဟုတ်ပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်က စစ်တပ် နဲ့ ရခိုင်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ကြောင့် ရိုဟင်ဂျာ ၇၀,၀၀၀ ခန့် မြန်မာနိုင်ငံမှ ထပ်ထွက်ပြေးခဲ့ရပါတယ်။
မကြာခင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ကော့ဇ်ဘာဇားကို သွားရောက်ခဲ့ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ အခက်အခဲတေွကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့ပါတယ်။ ဂူတာရက်စ်က ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို လူသားချင်းစာနာမှုအကူအညီ ပို့ဆောင်ရေး လမ်းကြောင်းဖွင့်လှစ်နိုင်ရန် ကုလသမဂ္ဂက စူးစမ်းလေ့လာနေကြောင်း ပြောကြားခဲ့ပါတယ်။
“ရိုဟင်ဂျာများ အောင်မြင်စွာ ပြန်လာနိုင်ရန် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ပေးရန် လိုအပ်သည်” ဟု သူက ဒါကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ရိုဟင်ဂျာအသိုင်းအဝိုင်း ပြန်လည်နေရာချထားရေး အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ ရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေးအတွက် AA နဲ့ လည်းဆွေးနွေးမှုများပြုလုပ် ရန် လိုအပ်ကြောင်း ပြေားခဲ့ပါတယ်။
ယခင်က AA နဲ့ ဆက်ဆံရေး ခက်ခဲခဲ့ကြောင်း သူက ဝန်ခံသော်လည်း “လိုအပ်သော ဆွေးနွေးမှုများ ပြုလုပ်ရမည်” ဟု ပြောကြားခဲ့ပြီး လူအခွင့်အရေး ချိုးဖောက်နေတဲ့ အဖွဲ့တွေ ကို လည်း ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောတူညီချက် လိုအပ်မည်ဖြစ်ကြောင်း နဲ့ ယင်းမှာ ရရှိရန် ခက်ခဲနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။
“တိုက်ပွဲများ ရပ်ပြီး ဒီမိုကရေစီကို ချီတက်နိုင်ရန် အိမ်နီးချင်းနိုင်ငံအားလုံးရဲ့ ဖိအားများ တိုးမြှင့်ရန် အရေးကြီးသည်” ဟု ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ရိုဟင်ဂျာကိစ္စဆိုင်ရာ အမြင့်ဆုံးကိုယ်စားလှယ် ဖြစ်တဲ့ ခါလီလူရ်ရာမှန်က ၎င်းတို့အစိုးရသည် AA နဲ့ ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ပါတယ်။
“၂၀၁၈ ခုနှစ်က ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ စိစစ်မှုများ ဆက်လက်လုပ်ဆောင်နေပါသည်” ဟု ခါလီလူရ်ရာမှန်က ဒါကာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါတယ်။
“ရခိုင်ဟာ မြန်မာပြည် ရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေဖြစ်သော်လည်း ကျွန်တော်တို့ ရခိုင်တပ်မတော် AA နဲ့ လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ သူတို့က စက်တင်ဘာလ ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေး ကို သဘေားတူကြပါတယ်” လို့ဆိုပါတယ်။
“ကျွန်တော်တို့ ရိုဟင်ဂျာ ၁၈၀,၀၀၀ ကို ပြန်လည်နေရာချထားနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါတယ်” လို့လည်း ရာမှန်က ဆိုပါတယ်။ “ဒါဟာ တစ်ရက်တည်းနဲ့ တော့ ဖြစ်မလာနိုင်ပေမဲ့ ကျွန်တော်တို့ သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းပြီး လုပ်ငန်းစဉ်တွေ ကို အရှိန်မြှင့်တင်ရန် ကြိုးစားနေပါတယ်။” လို့ ဆိုပါတယ် ။
လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့ Fortify Rights ဒါရိုက်တာ ဂျွန်ကွမ်လီကတော့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ နိုင်ငံသားအခွင့်အရေးနဲ့ တန်းတူညီမျှမှု မရရင် ပြန်ကြမှာ မဟုတ်ဖူး လို့ ပြောပါတယ်။
“ရိုဟင်ဂျာတွေ ဟာ ရခိုင်ပြည်နယ်ရဲ့ အနည်းဆုံး ၆၀% ကို ထိန်းချုပ်ထားတဲ့ ရခိုင်တပ်မတော် (AA) ကို မယုံကြည်ကြပါ” ဟု ကွမ်လီက ပြောခဲ့ပါတယ်။
“ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်လာနိုင်ခွင့် ရှိသင့်ပါတယ်” လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
“လုံခြုံမှု၊ နိုင်ငံသားအခွင့်အရေး ပြန်လည်ရရှိရေးနဲ့ စစ်တပ်နဲ့ AA တို့ရဲ့ ဖိနိပ်မူ့ တွေ အတွက် တာဝန်ယူမှု ရှိရပါမယ်” လို့ ကွမ်လီက ဆိုပါတယ်။
“AA နဲ့ မြန်မာစစ်တပ်နှစ်ဦးစလုံး ဖိနိပ် မူ့ တွေ ရှိနေချိန် မှာ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ ပြန်ပို့သလို ဖြစ်နေမလား ကျွန်တော်စိုးရိမ်မိပါတယ် ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
Free Rohingya Coalition ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နေစန်လွင် (Nay San Lwin) က တော့ မြန်မာစစ်တပ်ဟာ ဒုက္ခသည်တွေ ပြန်လာစေချင်ရင် လေကြောင်းတိုက်ခိုက်မှု တွေ နဲ့ စစ်လက်နက်ကြီးတွေ အသုံးမပြုပါဖူးလို့ ကတိပေးဖို့ လိုအပ်ကြောင်း အကြံပြုခဲ့ပါတယ်။
“ရိုဟင်ဂျာများသား မက ရခိုင်မှာ ဘဝပြန်လည်တည်ဆောက်ဖို့ ပြန်လာသူအားလုံး ကို AA ထံမှ ခွင့်ပြုချက်များရဖို့ နဲ့ မြန်မာ အစိုးရမှလည်း တရား၀င် တန်းတူ နိင်ငံသားပေးရန် လိုအပ်တယ်လို့ ” ပြေားခဲ့ပါတယ်။
ယခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာများ ကို ပြန်လည်နေရာချထားရေးအတွက် ကမ္ဘာ့က အာရုံစိုက်လာအောင် ကြိုးပမ်းလျက်ရှိပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂအဆင့်မြင့်ညီလာခံတစ်ခု ကျင်းပရန် ရှိကြောင်းလည်း သိရပါတယ်။