ဆရာကြီး ပုံ နှင့် ဆရာကြီး ခွာ

ဆရာကြီး ဦးပုံ ( တစ်ခါက ပညာရေဝန်ကြီး ဒေါက်တာမောင်ဒီ ၏ ခမည်းတော်) မျိုးရိုးသည် ၃၇၀၀ အဆက်ဖြစ်သည်။သီပေါမင်းလက် ထက် သွေးသောက်ကြီးအဖြစ်ချီးမြှင့်ခံရသည့် ဦးယိမ်းနှင့် ဒေါ်ပိုးဥ တို့က ၁၂၆၃ ခုနှစ် နတ်တော်လတွင် ဖွားမြင်သည်။

ဖခင်ထံမှ မြန်မာစာပေနှင့်ပါဠိဘာသာတို့ကို ကျွမ်းကျင်တတ်မြောက်အောင်သင်ယူခဲ့သည်။ ၇ နှစ် အရွယ်တွင် မောင်လာနာ စအီးဒ်ထံမှ ဘာသာရေးအခြေခံနှင့် ဖါရစီ ဘာသာများဆည်းပူးခဲ့သည်။ ၁၉၁၄ ခုမှ၁၉၂၈ ခုနှစ်အထိ

ဟာဖစ်ဟစံရှားထံ၌ အူရဒူ၊အရဗီ၊ဖါရစီ ဘာသာရပ်များကိုလေ့လာခဲ့သည်။၁၉၁၉ ခုမှ ၁၉၂၁ခုနှစ် အထိ စစ်တန်းမော်လဝီးကြီးထံမှ အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးခဲ့သည်။မန္တလေးမြို့ ရွှေဘုန်းရှိန်ရပ်နေ အဋ္ဌကထာ ပညာရှင် ဆရာကြီး ဦးကာလူထံမှလည်း ဖာရစီ

စာပေများကို အထူးအလေးထား သင်ယူခဲ့သည်။ပညာသင်ခရီးမှ အပြန်တွင် ဖခင်ကြီးနှင့် ဆရာကြီးခွာတို့၏ စီစဥ်တိုက်တွန်းအားပေးမှုအရ ဘုတ္တောရွာတွင် သဗ္ဗ လီဂီယာ အမည်ဖြင့် ကျောင်း တစ်ကျောင်းတည်ထောင်ခဲ့သည်။နောင်သော် စာအုပ်စာတမ်းနှင့် ကျောင်းသားများ အားလုံးကို မြန်အာအရဗီသိပ္ပံကျောင်းသို့ လွှဲပြောင်းပေးလိုက်သည်။ဆရာကြီးပုံသည် မြန်မာ အရဗီသိပ္ပံ ကျောင်း စတင်ဖွင့်လှစ်ချိန်မှစ၍ ကွယ်လွန်သည်အထိ ကျောင်းအုပ်ကြီးတာဝန်က်ို ထမ်းရွက်သွားခဲ့သည်။

ဆရာကြီးပုံသည် ဘာသာရေး၊ လူမျိုးရေးပြဿနာများ ကို သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ပေးသည်။မကြာမီ ဆရာကြီးပုံခုံရုံးဟူ၍ ပြည်သူအများ ယုံကြည်အားထားရာဖြစ်လာသည်။အာဏာပိုင် အသိုင်းအဝိုင်းကပင် ဆရာကြီး၏ အကူအညီကို ရယူသည်များရှိလာသည်။

ဆရာကြီးသည် လွတ်လပ်ရေးတိုက်ပွဲတွင် အရေးပါသော ဗ မ က အဖွဲ့ကြီးတွင် ဗဟိုကော်မတီဝင်အဖြစ်ပါဝင်သည်။အလားတူပင် နိုင်ငံကိုယ်စားပြု အစ္စလာမ်သာသနာရေးရာကောင်စီ ပေါ်ပေါက်လာသည်မှစ၍ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ရွေးကောက်ခံရသည်။

၁၉၅၅ ခုတွင် နိုင်ငံတော်မှစေလွှတ်သော ဟာဂျ်မစ်ရှင်အဖွဲ့ တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။နိုင်ငံတော်မှ နိုင်ငံတဝန်း

အခမဲ့ ခရီးသွားလာခွင့် ချီးမြှင့်သည်။သုတေသီ ဆရာကြီးခွာနှင့် ပူးတွဲ၍ တန်ခိုးတော်ပြခန်းကျမ်း၊နမာဇ်ခန်းကျမ်း၊စူရာ ဖွာတေဟာ တဖ်စီရ်ကျမ်း ၊

အလိဖ်လာမ်မီင် သဖ်စီရ်ကျမ်း များကို ပြုစုထုတ်ဝေခဲ့သည်။ စူရာယာစီန် သဖ်စီရ်ကျမ်း၊ ကူဒရီကျမ်း ဘာသာပြန် နှင့် သအ်လီမွလ်နေဆာကျမ်း တ်ို့က်ို ပြုစုပြီးစီးသော်လည်း ပုံမနှိပ်ဖြစ်ခဲ့ပါ။ ဆရာကြီးသည် သာသနာ့ပညာကို အများအကျိုးအတွက် ရည်ရွယ်၍ နက်နက်နဲနဲဆည်းပူးခဲ့သူ ဖြစ်သည်။

အထူးသဖြင့် ကုရ်အာန် ဟဒီးဆ် ဖိကဟ် ကျမ်းကြီးများကိုိုအယ်ဖွင့်ဆိုရာတွင် ပြိုင်စံရှားဟုသိရသည်။မြန်မာနိုင်ငံတွင် ကျမ်းမြတ်ကုရ်အာန်ကို မည်သူမျှ ဘာသာပြန်ထုတ်ဝေခြင်းနိုင်ခြင်းမရှိချိန် တွင် အလိဖ်လမ်ဂျွဇ် နှင့်အမ္မဂျွဇ် တိုကို အများပရိသတ်နားလည်စေရန် အကျယ်တဝင့်ဖွင့်ဆို ပေးနိုင်ခဲ့သည်။

သာသနာ့တာဝန်နှင့် အမျိုးသားရေးတာဝန်များကို သေတစ်ပန်သက်ဆုံး ထမ်းဆောင်ခဲ့ သည့် ပညာရှင် ကဝိကြီးဆရာကြီးပုံသည် ၁၉၉၂ မေလ ၁၈ ရက်နေ့တွင် လောကီသက်တမ်း ချုပ်ငြိမ်းပြီး တမလွန်ခရီးကိုစတင်ခဲ့ပေသည်။

သုတေသီကျောင်းအုပ်ကြီး ဆရာကြီးခွာ

~~~~~~~~~~~~~~~~~~~~~~

ဆရာကြီးခွာသည် ၃၇၀၀ အဆက်ဖြစ်သော အဘ ဦးလူး အမိ ဒေါ်ဖွာတီတို့၏ စတုတ္ထမြောက် သားရတနာဖြစ်သည်။

၁၈၈၆ ခုတွင် မန္တလေးမြို့ ရန်မျိုးလုံ ကုလားပျိုရပ်၌ ဖွားမြင်သည်။သာသနာ့ဘွဲ့ မှာ ဟာရှင် ဖြစ်သည်။

စစ်ကိုင်းမြို့ ဗလီထိုင်ဆရာကြီးဦးဖြူထံ ဘာသာရေးအခြေခံပညာနှင့် မြန်မာစာပေကို ဆည်းပူးခဲ့သည်။ဆယ်စောင်တွဲ မှအစ သဒ္ဒါ သင်ဂြိုဟ်အထိ တတ်မြောက်ခဲ့သည်။အသက် ၁၇ နှစ်အရွယ်တွင် ကာဘွလ်မောင်လာနာကြီးထံ သာသနာ့ပညာများကို ဆက်လက် ဆည်းပူး သည်။မန်မာ

အသက် ၂ ၇ နှစ်အရွယ်တွင် ဘိုးဘွားတို့၏ ဇာတိမြေ ဆားကုန်းဌာနေ၏လိုအပ်ချက်အရ သအ်လီမွလ်အစ္စလာမ် အမည်ဖြင့် ဘာသာရေးစာသင်ကျောင်းဖွင့်ခဲ့သည်။တပည့် ၃ ဦး ကိုနိုင်ငံခြားပညာသင်လွှတ်နိုင်ခဲ့သည်။ ဆရာကြ္းပုံနှင့် တွဲဖက်၍ ၁။တန်ခိုးတော်ပြခန်းကျမ်း၊ ၂။နမာဇ်ကျမ်း ၊ ၃။စူ ရာဖွာတေဟာ သဖ်စီရ်ကျမ်း၊ ၄။အမ္မာဂျွဇ် ဘာသာပြန်ကျမ်း ၊ ၅။အလိစ်ဖ်လာမ်မီမ် သဖ်စီရ်ကျမ်းများ ကိုရေးသားပြုစုခဲ့ကြသည်။

၁။ စူရာယာစိန် သဖ်စီရ်ကျမ်း၊၂။ကူဒူရီကျမ်းဘာသာပြန်နှင့် သအ်လီမွလ်နေစာကျမ်း ပထမတွဲတို့ကို ပုံမနှိပ်ဖြစ်ခဲ့ပါ။၁၉၃၆ ခုနှစ်တွင် ဆရာကြီး ဦးခွာနှင့် ဆရာကြီးဦးပုံတို့သည် ဒေသခံများအကူအညီဖြင့် မြန်မာအရဗီ သိပ္ပံကျောင်း ကို စတင်ဖွင်လှစ်နိုင် ခဲ့သည်။

ဆရာကြီး၏ ကဆွီဒါလင်္ကာများ ၊ ရှစ်လုံးဖွဲ့ကဗျာများ ကို လူကြိုက်များလှသည်။ဆရာကြီးပြုစုရေးသားသော ကျမ်းစာများကို အစ္စလာမ်ဘာသာဝင်များ အလေးထား ဖတ်ရှုကြသည်။များစွာနှစ်ထောင်းအားရ ဖြစ်ကြသည်။

အထူးသဖြင့် သင်းကြူကြူပေါင်ဒါထုတ်လုပ်သော သူဌေးကြီး နူးရ်မုဟမ္မဒ် ကဆရာကြီးအား ကုရ်အာန်ကျမ်း တော်မြတ်ကို မြန်မာဘာသာပြန်ဆုရေးသားပေးရန် မေတ္တာရပ်ခံ ခဲ့သည်။ လိုအပ်သော တဖ်စီရ်များ၊ဟဒီးဆ် ကျမ်းများ၊ ဖိကာဟ်ကျမ်းများကိုပံ့ပိုးပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခံရသည်။ထိုစဥ်ကနိုင်ငံရေးမတည်ငြိမ်မှု ကြောင့် ထိုလုပ်ငန်း အဆင်မပြေခဲ့ပါ။ဆရာကြီးသည် နယ်အသီးသီးသို့ သုတေသနခရီးထွက် ပြီး ရှေးဟောင်း ပေမူ၊ပုရပိုက်မူ၊ထန်းဖူးမူ၊လက်ရေးမူများနှင့် မှတ်စု မှတ်ရာများကို များစွာ စုဆောင်းနိုင်ခဲ့သည်။

ဆရာ ဦးဘိုးချယ်ရေးသားသည့် ဗမာမွတ်စလင်တို့၏ ရှေးဟောာင်းအထ္ထုပ္ပတ္တိ ကျမ်း ( ၁၉၃၈ ) ပြုစု ရာတွင် ဆရာကြီးခွာက အချက်အလက် အထောက်အထားများ ဖြည့်စွက်ပေးသည်။ညှိနှိုင်းသည်၊ တည်းပြတ်မွမ်းမံပေးသည်။

ဆရာကြီးသည် သာသနာ့ပညာရှင်ကြီး တစ်ပါးဖြစ်ရုံ မျှမက မြန်မာပညာရှိ ကဝိတစ်ဆူလည်းဖြစ်သည်။သစ္စာ၊ သမာဓိ၊ ခိုင်မာ တည်ကြည်သူဖြစ်သည်။ ပတ်ဝန်းကျင်နယ်လူထု၏ အထူးကြည်ညို လေးစားအားထားခြင်းခံရသူဖြစ်သည်။ဖြစ်ပေါ်လာသောအမှုအခင်းများကို အဂတိ

ကင်းစွာ ဖြေရှင်းစီရင်သော ဆရာကြီးခွာ၏ ခုံရုံးသည် ပြည်သူအကြား ရေပန်းစားခဲ့သည်။ သဒ္ဓါ သီလ သုတ စာဂ နှင့်ပြည့်စုံသော ပညာရှိကဝိကြီး သည် ၁၃၅၆ ခုတွင် လူကြီးရောဂါဖြင့် ဘဝပြောင်းခဲ့သည်။


Spread the love

More From Author

မြန်မာနိုင်ငံ မွတ်စလင် လူနည်းစုများအတွက် အဆိုပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများ (မူကြမ်း)

အာဂျင်တီးနားတရားရုံးအား ရိုဟင်ဂျာမျိုးတုန်းသတ်ဖြတ်မှု၌ ရက္ခိုင့်တပ်တော် (AA) အား ဖမ်းဝရမ်းထုတ်ရန် BROUK မှ တောင်းဆို

ဗီဒီယိုသတင်း

အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
21:54
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
Myanmar Muslims News Network
Myanmar Muslims News Network