ရိုဟင်ဂျာမွတ်စလင်များကို ရခိုင်တပ်မတော် (AA) ၏ ဖိနှိပ်မှုများ

ရခိုင်တပ်မတော် (AA) သည် ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် ပြင်းထန်သော ကန့်သတ်ချက်များ ချမှတ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း Human Rights Watch (HRW) က July 28 နေ့က ထုတ်ပြန်ခဲ့သည်။

AA သိမ်းပိုက် နယ်မြေများ အတွင် ရိုဟင်ဂျာများ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတင်းအကျပ် အလုပ်ခိုင်းစေခြင်းများ ပြုလုပ်နေကောင်းသိရသည်။

Human Rights Watch (HRW) အာရှဒါရိုက်တာ Elaine Pearson က “AA သည် ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က ကျင့်သုံးခဲ့သည့် ဖိနှိပ်မှုမူဝါဒများကို အတုယူကျင့်သုံးနေသည်” ဟု ပြောသည်။

၂၀၂၅ ခုနှစ် ဧပြီမှ ဇူလိုင်အတွင်း HRW သည် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည် ၁၂ ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အသက် ၆၂ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက “AA ထိန်းချုပ်ထားသော နယ်မြေတွင် နေထိုင်ရခြင်းသည် အလွန်ကန့်သတ်ချုပ်ချယ်မှုများ ပြည့်နှက်နေသည်။ ကျွန်တော်တို့အား အလုပ်လုပ်ခွင့်၊ ငါးဖမ်းခွင့်၊ လယ်လုပ်ခွင့်နှင့် ခွင့်ပြုချက်မရှိဘဲ ရွေ့ပြောင်း ခွင့်ပင် မပေးပါ” ဟု ပြောသည်။

ကျေးရွာ တခုနဲ့တခု အကြား သွားလာရန် တစ်ရက်စာ ခွင့်ပြုချက်လိုအပ်ပြီး ၃၀၀၀ မှ ၅၀၀၀ ကျပ်ကြေး ကောက်ခံသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် AA ရဲ့ ထောက်ခံစာ ရယူရန် လိုအပ်သည်။

AA ၏ စီးပွားရေးကန့်သတ်ချက်များ၊ သွားလာခွင့်ပိတ်ပင်မှုများနှင့် စစ်ကောင်စီ၏ အကူအညီပိတ်ပင်မှုတို့ကြောင့် အစာရေစာ အလွန်ရှားပါး ပြီး စားဝတ်နေရေး အလွန်ခက်ခဲကြောင်းသိရသည်။

AA သည် ရိုဟင်ဂျာကျေးရွာများမှ လယ်ယာမြေများ၊ အိမ်များ၊ ကျွဲနွားများ၊ ငါးဖမ်းကိရိယာများ၊ ထင်းများနှင့် သင်္ချိုင်းမြေ များပါ သိမ်းယူခဲ့သည်။ ဘူးသီးတောင်မြို့နယ်၊ Kin Taung ကျေးရွာမှ လူနှစ်ဦးက AA သည် မေလတွင် သူတို့၏ သင်္ချိုင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ပြောသည်။

AA သည် ရိုဟင်ဂျာကျေးရွာများမှ လူများကို အတင်းအကျပ် စစ်သားစုဆောင်းနေကြောင်းသိရသည်။ အသက် ၅၇ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက သူ၏ အသက် ၁၇ နှစ်အရွယ်သားကို AA က ရှာဖွေနေသဖြင့် ဇွန်လတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ရကြောင်းသိရသည်။

အသက် ၆၂ နှစ်အရွယ် ရိုဟင်ဂျာတစ်ဦးက သူ၏သားအား ဧပြီလတွင် Kin Taung ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်သားအဖြစ် ရွေးချယ်ခဲ့ကြောင်း ပြောသည်။

AA သည် ARSA သို့မဟုတ် မြန်မာစစ်တပ်နှင့် ပူးပေါင်းသည်ဟု သံသယရှိသူ ရိုဟင်ဂျာများကို ပြင်းထန်စွာ နှိပ်စက်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် Keya Zinga Para ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ရိုဟင်ဂျာယောက်ျားတစ်ဦးကို AA က ဖမ်းဆီးခဲ့သည်။

၂၀၂၄ ခုနှစ် မေလတွင် Nga Yat Chaung ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ရိုဟင်ဂျာယောက်ျားတစ်ဦးကို AA က ဖမ်းဆီးကာ ငါးလတာ အတင်းအကျပ် အလုပ်ခိုင်းစေခဲ့သည်။

AA နှင့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများထံမှ ငွေကြေးအမြတ်ထုတ်နေကြောင်းသိရသည်။ ရိုဟင်ဂျာများက တစ်ဦးလျှင် ၈၀၀၀၀၀ မှ ၁၂၅၀၀၀၀ ကျပ်အထိ ပေးဆောင်ခဲ့ရသည်။

၂၀၂၄ ခုနှစ် မေလမှစ၍ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် လူသစ် ၁၂၀၀၀၀ မှတ်ပုံတင်ခဲ့ပြီး သောင်းနှင့်ချီသော လူများ မှတ်ပုံမတင်ရသေးပါ။

“ရိုဟင်ဂျာလူမျိုးများ၏ ဘေးကင်းလုံခြုံမှုနှင့် လွတ်လပ်ခွင့်ကို ကာကွယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုလုပ်ဆောင်သင့်သည်” ဟု Elaine Pearson က ပြောသည်။ “ရခိုင်ပြည်နယ်ရှိ လူမျိုးပေါင်းစုံ၏ အခွင့်အရေးကို AA က လေးစားရန် ဖိအားပေးရမည်” ဟု ဆိုသည်။

Spread the love

More From Author

မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ဝေဖန်သူနှင့် ဆန္ဒပြသူများအား ထောင်ဒဏ်ချမှတ်ရန် ဥပဒေသစ်ပြဋ္ဌာန်း

အမေရိကန်၊ မြန်မာ့ မြေရှား သတ္တုတူးဖော်ရေး အဆိုပြုချက်များ ဆွေးနွေး

ဗီဒီယိုသတင်း

MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
Myanmar Muslims News Network
Myanmar Muslims News Network
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး