အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုပြင်းထန် (၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်)

အစ္စရေးဖက်မှ အီရန်ရဲ့ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသများအပြင် လူဦးရေထူထပ်သည့် မြို့တော် တီဟီရန်ကိုပါ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးဘက်က အီရန် ဒုံးကြည် ပစ်လွှတ်သည့် နေရာများနဲ့ ဒုံးကြည်သိုလှောင်ထားသည့် နေရာ ၁၂ ခု ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့တာ တွေ့ရပါတယ်။

အီရန်သတင်းဌာန IRNA အဆိုအရ အစ္စဖာဟန်ပြည်နယ်နဲ့ တဘရီးဇ်မြို့တို့ လည်း တိုက်ခိုက်မှု ခံခဲ့ရပြီး တီဟီရန်အပေါ် တိုက်ခိုက်မှုမှာ အပြင်းထန်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ တီဟီရန် တိုက်ခိုက်မှုမှာ အီရန်တပ်မတော် စစ်ရေးအကြီးအကဲ အလီရှာဒ်မာနီ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အီရန်ဘက်ကလည်း အစ္စရေးရဲ့ မြောက်ပိုင်းဒေသများနဲ့ တယ်လ်အဗစ်မြို့ ပေါ် သို့ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးရဲ့ စစ်ထောက်လှမ်းရေးစင်တာနဲ့ Mossad စီမံကိန်းရေးရာစင်တာတို့ကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။

အီရန်ရဲ့ ရီဗိုလူရှင်နယ်ဂါးဒ်တပ်ဖွဲ့က အစ္စရေး လေတပ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း “ရန်သူလေယာဉ် ၂၈ စီး” ကို ဖြုတ်ချနိုင်ခဲ့ကြောင်း၊ နဲ့ “လျှိ့ဝှက် ” နေရာများကို စုံစမ်းနေသည့် ဒရုန်း တစင်း ပစ်ချနှိင်ခဲ့ ကြောင်း ပြောကြားခဲ့တာ သိရပါတယ်။

-အသက်ဆုံးရှုံးမှုများ-

—–

တီဟီရန်မြို့ အီရန်ရုပ်မြင်သံကြားအဆောက်အဦး တိုက်ခိုက်ခံရမှုမှာ လူအချို့သေဆုံးခဲ့ပြီး ကာရှန်မြို့တွင်လည်း သုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဘက်ကတော့ သေဆုံးသူ ရှိမရှိ မထုတ်ပြန်သေးပါဖူး။

– သံတမန်ရေးဆိုင်ရာ တုံ့ပြန်မှုများ-

——

G7 ထိပ်သီးအစည်းအဝေး မပြီးခင် ထွက်ခွာသွားခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး-အီရန် စစ်ပြေငြိမ်းရေး အတွက် ဖိအားမပေးသော်လည်း အီရန်က နျူကလီးယားလက်နက်များ လုံးဝစွန့်လွှတ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာတော့ “အီရန်အပေါ် လေကြောင်းထိန်းချုပ်မှု အပြည့်အဝရရှိထားပြီ” ဖြစ်တယ် လို့ ရေးထားတာတွေ့ ရပြီး အီရန် အကြီးအကဲ အယ်လီခါမေနေး အား သတ်ဖြတ်ဖို့ သွယ်ဝိုက်ခြိမ်းခြောက်တာတွေ ပြေားခဲ့ကြောင်း သိရပါတယ်။

ရုရှား ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကိုဗ်က ရုရှားဖက်က ဆွေးနွေးရန် အဆင်သင့်ဖြစ်သော်လည်း အစ္စရေးဘက်က မလိုလားကြောင်း ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးရဲ့ တိုက်ခိုက်မှုကို တရားမဝင်ဟု ရှုတ်ချခဲ့တာ တွေ့ရပြီး

ကာတာနိုင်ငံကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုများကို “ပြင်းထန်စွာ ရှုတ်ချ” ခဲ့ပြီး “အရေးယူဆောင်ရွက်မှုမရှိပါက ဆိုးဆိုးရွားရွား အကျိုးဆက်များ ဖြစ်လာစေနိုင်” ကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နွယ် မက်ခရွန်က အီရန်အပေါ် စစ်ရေးလုပ်ဆောင်ချက်များကို ကန့်ကွက်ကြောင်း ပြောကြားခဲ့တာ တွေ့ရပါတယ်။

ယီမင်ဟူသီလှုပ်ရှားမှု နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မိုဟာမက် အယ်လ်ဘူခါယ်တီကတော့ အကြမ်းဖက်တိုက်ခိုက်ခံရသည့် မည်သည့် မွတ်စ်လင်မ်နိုင်ငံကိုမဆို ကူညီမည်ဖြစ်ပြီး “ဇီယိုနစ်ဝါဒီ” (သို့) ဂျူးလူမျိုးတော်လှန်ရေးဝါဒီ ကျူးကျော်မှုများကို ဆန့်ကျင်ရန် တီဟီရန်ကို ထောက်ခံမည်” လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်း၊ တရုတ်နဲ့ တောင်ကိုရီးယားတို့က သူတို့ နိုင်ငံသားတွေကို အစ္စရေးနဲ့ အီရန်ကနေ ထွက်ခွာဖို့ ကြေငြာ ခဲ့တာ သိရပြီး ။ အီရန်ကနေ အိမ်နီးချင်း အဇာဘိုင်ဂျန်သို့ နိုင်ငံခြားသား ၆၀၀ ကျော် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

Source: Al Jazeera and news agencies

Spread the love

More From Author

အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်-အမေရိကန်က ဒုံးကြည်ကာကွယ်ရေးတွင် ပါဝင်ကူညီ-နိုင်ငံတကာဥပဒေအရ ပြစ်တင်ရှုတ်ချမူများရှိ

အစ္စရေး-မြန်မာ ဆက်ဆံရေး သမိုင်းကြောင်း: စစ်အစိုးရများနှင့် လက်နက်ရောင်းဝယ်ရေး