မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုကျဆင်း လာဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်


(ရိုက်တာ) – ရှုန်းနိုင်

နေပြည်တော် – မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ရစ်ချတာစကေးရှိ ငလျင်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅/၂၆ ဘဏ္ဍာနှစ်တွင် ၂.၅% အထိ ကျဆင်းလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ငလျင်ကြောင့် ပစ္စည်းဥစ္စာနှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ (GDP ၏ ၁၄%) ရှိပြီး၊ စီးပွားရေးထွက်ကုန်မှာ ငလျင်မဖြစ်ခင်အရင် ထက် ၂ ဘီလီယံ လျော့နည်းမည်ဟု ခန့်မှန်းထားသည်။ ထိုငလျင်သည် လူဦးရေ ၁၇ သန်းကျော်အပေါ် သက်ရောက်မှုရှိခဲ့ပြီး ၉ သန်းမှာ ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း နှင့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃,၇၀၀ ကျော်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ထိုင်း-မြန်မာ ဌာနခွဲဒါရိုက်တာ မယ်လင်ဒါ ဂုဒ်က “ငလျင်ကြောင့် အသက်ဆုံးရှုံးမှုနှင့် ရွှေ့ပြောင်းနေထိုင်မှုများ မြင့်တက်လာပြီး၊ မြန်မာပြည်သူများ၏ ခံနိုင်ရည်ကို ပိုမိုစိန်ခေါ် လျက်ရှိသည်ဟု ဆိုပါတယ်။ အထူးသဖြင့် အ‌ေ‌ြခခံ လူတန်းစားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရေးကြီးသည်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ယခင်ခန့်မှန်းချက်အရ ၂၀၂၄/၂၅ ဘဏ္ဍာနှစ်အတွက် မြန်မာ့စီးပွားရေး ၁% ကျဆင်းမည်ဟု ဆိုထားသော်လည်း၊ ငလျင်ကြောင့် ယခုနှစ်တွင် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပီးကတည်းက ပြည်တွင်းစစ်နှင့် စီးပွားရေး အကြပ်အတည်းများ ဆက်တိုက်ရင်ဆိုင်နေရသည်။ ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အပစ်အခတ် ရပ်စဲရန် သဘောတူထားသော်လည်း၊ တော်လှန်ရေးအင်အားစုများက စစ်ကောင်စီဖက်မှ စတင် ချိုးဖောက်တယ် လို့ စွပ်စွဲထားတာတွေ့ရပါတယ်။

အဆိုးရွားဆုံးထိခိုက်ခဲ့သော မန္တလေးနှင့် နေပြည်တော်တို့တွင် ဧပြီမှ စက်တင်ဘာအထိ ကုန်ထုတ်လုပ်မှု ၁၃% အထိ ကျဆင်းနိုင်ပြီး၊ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်တွင် တစ်စိတ်တစ်ပိုင်း ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာ့ဘဏ်၏ အကြီးတန်း စီးပွားရေးပညာရှင် ကင်း အဒွပ်စ်က “မြန်မာနိုင်ငံ၏ ဆက်တိုက်ဖြစ်ပွားနေသော အကျပ်အတည်းများကြောင့် ပြည်သူများ စည်းပွားရေး ပြန်လည်ဦးမော့လာ ဖို့ အခက်အခဲ ဖြစ်စေတယ် ” ဟု မှတ်ချက်ပြုခဲ့သည်။

Spread the love

More From Author

ထရမ့်က နိုင်ငံ ၁၂ နိုင်ငံမှ ခရီးသွားလာမှုကို တားမြစ်၊ အခြား နိုင်ငံ ၇ နိုင်ငံအတွက် ကန့်သတ်ချက်များ ထပ်မံချမှတ်

အစ္စရေးမှ အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများနှင့် အခြားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ စတင်