လုပ်အားခအနည်းငယ်ပေးပြီး အတင်းအကျပ်ခေါင်းပုံဖြတ်ခိုင်းစေခံရသော မဲဆောက်ရှိ မြန်မာဒုက္ခသည်များ

လေးနှစ်ကြာ ပြည်တွင်းပဋိပက္ခ စစ်ဒဏ်ကနေ ပြေးလာရတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်ဒုက္ခသည် တွေဟာ ထိုင်း – မြန်မာ နယ်စပ် မူးယစ်ဆေး လူကုန်ကူးမှု မှောင်ခိုဂိုဏ်း အန္တရာယ်တွေကနေ ကျော် ဖြတ်ပြီး ထိုင်းနယ်စပ်မှာ ခိုလှုံနေကြရပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာတွေမှာလည်း အသက်မွေးဝမ်းကြောင်းမူ အတွက် ရှာဖွေစားသောက်ဖို့ အလုပ်အကိုင်ဟာ အလွန်ခက်ခဲနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ညီတဲ့ အလုပ်အကိုင်ရဖို့ ခက်ခဲကြပါတယ် ၊ ထိုင်း နှိင်ငံ ဟာ အနည်းဆုံး တစ်ရက် လုပ်ခ ၃၅၄ ဘတ် (အမေရိကန် ၁၀.၈၂ ဒေါ်လာ) သတ်မှတ်ထားသော်လည်း အများစုကတော့ အထည်အလိပ်၊ ဖိနပ် ၊ သားရေပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေမှာ တစ်ရက်လုပ်ခ ၂၀၀-၃၀၀ ဘတ်သာ ရရှိကြတယ်လို့ The Solidarity Center , The Arakan Workers Organization (AWO) နဲ့ The Human Rights and Development Foundation (HRDF) အဖွဲ့တွေရဲ့ အဆိုအရ သိရပါတယ်။ စာရွက်စာတမ်း မပြည့်စုံသူတွေကတော့ တစ်ရက်လုပ်ခ ၁၂၅-၁၅၀ ဘတ်အထိပဲ ရကြပါတယ်။ ရသင့်တာထက် ထက်ဝက်လောက် နိမ်ပြီ ‌ ပေးတယ်လို့ ဆိုပါတယ်။ လုပ်ခ နည်းနည်းပေးပြီး တစ်ပတ်လုံး ပိတ်ရက်မရှိ အချိန်ပို အတင်းခိုင်းတယ်လို့ လည်း သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တရုတ်၊ မြန်မာနဲ့ ထိုင်ဝမ်လုပ်ငန်းရှင်တွေဟာ မြန်မာက စက်ရုံတွေကို မဲဆောက်ကို ပြောင်းခဲ့ကြပြီး Starbucks၊ Hush Puppies၊ Bauer စသည့် နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေနဲ့ ကုန်ပစ္စည်းများ ထုတ်လုပ်နေကြောင်းသိရပါတယ်။

Arakan Workers Organization (AWO)ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်အောင် အဆိုအရ မြန်မာက လူဦးရေ ၅၀၀,၀၀၀ ခန့်ဟာ ထိုင်းနယ်စပ်တစ်လျှောက်မှာ နေထိုင်ကြပြီး လူ ၆၀,၀၀၀ ခန့်သာ တရားဝင် စာရွက်စာတမ်းရကြပါတယ် လို့ ဆိုပါတယ်။

အလုပ်ရှင်တွေရဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက် နိပ်ကွပ်တာတွေကို ထိုင်းအစိုးရက သိသော်လည်း အရေးယူတာ မရှိဖူးလို့ ဆိုပါတယ်။ တရားရုံးတွေကလည်း ဘာမှလုပ်မပေးနိင် ကြဖူး ” လို့ နိုင်အောင်အောင် က ပြေားပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူများ ရဲ့ အဆိုအရ ရခိုင်ပြည်နယ်ကလာတဲ့ ရိုဟင်ဂျာမွတ်စလင်အများစုဟာ မဲဆောက်မှာ ခွဲခြားဆက်ဆံမှု ပို ခံကြရတယ် လို့ ဖော်ပြထားပါတယ်။

Solidarity Center ရဲ့ အဆိုအရ ဒီအလုပ်သမား အခွင့်အရေးချိုးဖောက်မူ့တွေဟာ ကမ္ဘာ့အထည်ချုပ်လုပ်ငန်းများအတွက်ထိခိုက်နှိင်ကြောင်းနဲ့ “ဒီ ပြသနာတွေကို မဖြေရှင်းပါက နိုင်ငံတကာဥပဒေအရ အရေးယူမှုများ ရှိလာနိုင်တယ်” လို့ Welsh က သတိပေးထားတာ တွေ့ ရပါတယ်။

*(မူရင်းသတင်း – The Guardian, Al Jazeera အချက်အလက်များအပေါ် အခြေခံပြီး MMNN မှ ပြန်လည်ရေးသားထားသည်။)*

Spread the love

More From Author

ဟာဂျီများ အလွယ်တကူသယ်ဆောင်နိုင်မည့် ဟဂျ်နှင့်အွမ်ရဟ်လမ်းညွှန် Digital Handbook

စစ်ကောင်စီက ငလျင်ဒဏ်ခံရသည့် သမိုင်းဝင် ဗလီကို ပြင်ဆင်ခွင့် မပေးပဲ အဓမ္မသိမ်းပိုက်

ဗီဒီယိုသတင်း

အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
21:54
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
Myanmar Muslims News Network
Myanmar Muslims News Network