ဆားကုန်း ‌ကျွန်းပလီ

ရှေး ရွာနေ အစ္စလာမ်တို့ ကိုးကွယ်မှုမှာ ရိုးရှင်း ၏။ သင်ဖြူးဖျာမှာ ဝတ်ပြုရာ ဖြစ်သည်။ အိမ်တိုင်းတွင် သီးခြား လိပ်ပြီးထောင်ထား လေ့ရှိပြီး၊ ဧည့်လာ ခင်း မပေး ကလေးတို့ တူတူဝင်ပုန်းလည်း မခံ။
ဝတ်ပြုဆောင်ကို ပျဉ်ထောင် ပျဉ်ခင်း တည်သည်။ ရိုးရှင်း၍ ကနုတ် အနည်းငယ်သာ ချယ်သ သည်။အင်မတန် ဗမာ ဆန်ကြပါသည် ၊။ ဥပုဒ်လ၌ ထိုဝတ်ပြုဆောင်တွင်ပင် ရှရ်ဝါ ဟုခေါ်ဆန်အခြေပြု ပဲ နှင့် အသား ရော၊ တနေကုန်အောင် ကြိုရသော ရာဂုတမျိုးအား ပြုလုပ်ဝေငှ၏။ ပါသျန်း အစားအစာဟု ယူဆသည်။ အသက် ၈၀ ကျော် ဗမာမူစလင် အမေကြီးက ၄င်း သိမှတ်စ အရွယ်ကတည်းက ဤအလေ့ ရှိသည်ဟု ဆိုသည်။
သောကြာနေ့တွင် ဘိုးစံ၊ ဘိုးညွှတ် စသည့် လူကြီး တို့က ဗလီမှ အပြန် မု့န့် ပဲသားရေစာ ယူလာ ၍ လမ်း မှ စောင့်နေသော ကလေးများကို ဖဲ့ဝေလေ့ရှိသည်။ အများအားဖြင့်ကား ပေါက်ပေါက်ဆုပ် ဖြစ်သည်။
အခါကြီး နေ့ကြီးညများ၌ ကလေးများပါ ဝတ်ပြုဆောင်သို့ လာကြလေ့ရှိရာ ရွတ်ဖတ်နေ မအိပ်နဲ့ အိပ်ရင် မြွေ ဖြစ်တတ်တယ်ဟု ရွာဆော် ဖိုးဆယ်က နိုးဆော်သည်။ တရုန်းရုန်း ကလေးတို့ကား မအိပ်ရဲ။
စိုက်ပျိုးရေး ကင်းလွတ်သော ကာလ အစ်နေ့တွင် ရွာများ အလယ်ရှိ လယ်ကွက်ကို ညှိ၍ စုပေါင်း ဝတ်ပြုသည်။(အစ်နေ့တွင် လူအများ ပိုမို တွေ့ဆုံ ရန် ကွင်းပြင်တွင် ဝတ်ပြုသည့် ဓလေ့) အမျိုးသမီးများက ဖျာလိပ်များ၊ ရေအိုးများ ရွက်၍ လာသည်။ စုစပ်၍ ခင်းလိုက်သော အခါ သင်ဖြူးဖျာပြင်ကျယ် ကြီး ဖြစ်၍သွား၏။ ရွာနီးချုပ်စပ်မှ ဘာသာခြားတို့က လယ်ကန်သင်းရိုးများတွင် အသင့်နေရာယူထားကြသည်။ အချိန်ကျ ၍ ညီညာဖျဖျ ဝတ်ပြုသော အခါတွင်ကား ဟာ ညီတာကွာ ဒီကောင်တွေ ဘယ်အချိန်က တိုက် ထားလေသည် မသိဟု မှတ်ချက် ပြုသည် ဟူ၏။
ပုံများမှာ ကန့်ဘလူမြို့ နယ် ဆားကုန်းရွာရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ယနေ့တိုင် တွေ့နိုင်သော ကျွန်းဗလီ ဖြစ်သည်။ (အလွန်တရာ ရှားပါးပြီး ရှေးကျလှသည် ။ ဆရာကြီးလေးပါး သမိုင်း မြန်မာ ဘုရင် ဆောက်ပေးသော ပလီကြီးလေးလုံး ထည်းမှ တစ်လုံး ရှိရာ အစ္စလမ်ရွာ ကြီး လည်းဖြစ်သည် ။

Spread the love

More From Author

ဗမာအစိုးရ ကိုယ်တိုင် ရဲ့ လူမျိုးရေး ဘာသာရေး နိပ်ကွပ်မူ့များ (ဆောင်းပါးရှင်- ကျော်ဇေယျာဝင်း)

မြန်မာပြဿနာအတွက် အထူးအစည်းအဝေး (၂)ကြိမ် မလေးရှားမှာ လုပ်မယ်လို့ ASEAN ခေါင်းဆောင်ပြော

ဗီဒီယိုသတင်း

MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
Myanmar Muslims News Network
Myanmar Muslims News Network
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး