ဧည့်ရိပ်သာကြီးအကြောင်းကို ဆရာဦးခင်ရွှေက အာရေဗျနှင့် ရွှေလမ်းငွေလမ်း (၁၉၇၀) စာအုပ်တွင် တင်ပြသည်။
ဆရာသည် ဗမာမွတ်စလင်မ် အိုလမာသာသနာ့ပညာရှင်များ အဖွဲ့ချုပ် အမြဲတမ်းအတွင်းရေးမှူး ဖြစ်သည်။မိမိ၏စာအုပ်တွင် ဧည့်ရိပ်သာကြီးအကြောင်း သုတေသနဆန်စွာ တင်ပြထားသည်။စာရွက်စာတမ်းအထောက်အထားဓါတ်ပုံ အထောက်အထားများပါဝင်သည်။
Literature Review အဖြစ် ကုန်းဘောင်မင်းဆက်မဟာရာဇဝင်ကြီး နှင့် မြေထူးဗလီထိုင် မော်လဝီ ဦးရွှေတောင် ပြုစုသည့် ယှကျတွလ်အီမံကျမ်း (၁၈၉၅) တို့ကို တင်ပြသည်။ရွှေမန်းနှစ်တစ်ရာပြည့် ဗမာမွတ်စလင်မ် အတ္ထုပ္ပတ္တိကျမ်းပြု ရွှေဘို ဦးဘဦး နှင့် သက်ဆိုင်သူများကို လူတွေ့မေး( Interview)ခန်းလည်း ပါသည်။ ကုသိုလ်တော်တိုက် အကြောင်း သုတေသနပြုလိုသူများအတွက် အကိုးအကားဖြစ်စေနိုင်သဖြင့် မူရင်းအချို့ကို တင်ပြလိုက်ပါသည်။

ဦးရွှေတောင် ၏သာသနာ့ဘွဲ့သည် ကာသွီ ခလီဖွာ ရှိုင်ခ် မို့ဟယစ်ဒင် ဖြစ်သည်။မြေထူးဇာတိ ၃၇၀၀ အဆက်ဖြစ်သည်။ဖခင်သည် မြေထူး သင်္ဘောဗလီရှေ့ဆောင် အီဂျစ်မျိုးရိုးဖြစ်သည်။ ဦးရွှေတောင်သည် ငယ်စဥ်က ရွာသစ်ကြီးကျောင်းထိုင် ဆရာတော်ထံ ဆည်းပူးခဲ့သဖြင့်မြန်မာမှု ပျို့ ကဗျာ လင်္ကာ လေ့ကျွမ်းသည်။
ယှကျရတွလ်အီမံကျမ်းတွင် ကုသိုလ်တော်တိုက်တည်ရန်သွားလင်္ကာ (စာ၁၅၉-၁၆၀)၊မြန်မာဘုရင်ကိုတင်လွှာ ( ရှဟီဒီ ၄ ပါးအကြောင်း) (စာ၁၆၇-၁၆၉)၊သုံးထောင်ခုနစ်ရာ ရောက်လာပုံ (စာ၁၆၉-၁၇၁) တို့ကိုလည်း တင်ပြထားသဖြင့် နှောင်းသုတေသီများအတွက် အဖိုးထိုက်လှသည်။
(အကျယ်သိလိုလျှင် တိုင်းရင်းမွတ်စလင်ကျမ်းတွင် ကြည့်ပါ)

ရွှေဘိုဦးဘဦးသည် အသုံးတော်ခံ ရွှေဘိုဗလီ ဒါယကာ ဆရာမှတ်ခေါ် စရက်အဟာမက် ၏ မြေးတော်ဖြစ်သည်။ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူ ဦးနု၏ တွတ် တောစပ်သည်။ ဦးဘဦးသည် ရာဇဝင် သမိုင်း သုတေသန စိတ်ထက်သန်သည်။သမိုင်း ကိုအခြေခံပြီး တောက်ပသော အနာဂတ်ကို ဖန်တီးစေချင်သူဖြစ်သည်။ မိမိ၏ကျမ်းတွင် လေးစားဂုဏ်ယူဖွယ်၊ဇာတိမာန်တက်ကြွဖွယ်များဖော်ကျူးခဲ့သည်။
(အကျယ်ကို တိုင်းရင်းမွတ်စလင်ကျမ်းတွင် လေ့လာနိုင်သည်။)

ကနဦးကပင် တိုင်းရင်းအမည်ထားခဲ့သော မောင်လာနာ ဖြစ်သည်။ အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ချုပ်က အားထားရသော သုတေသီစာရေးဆရာ ဖြစ်သည်။ ထက်မြက်သည်။ခေတ်မီသည်။ စကားပြေလည်းကျွမ်းသည်။ကဗျာလင်္ကာ လည်းဝါသနာပါသည်။ အိုလမာအဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။

သုတေသီ ရွှေဘိုဦးဘဦး ။ ဖခင်ဖြစ်သူက နန်းတွင်းမှာဖွားသူဖြစ်သည်။ဖိုးဖွားများက ထီးနန်းဝန်းကျင် နှင့် အကျွမ်းတဝင်ရှိသည်။ ဦဘဦးသည် သုတေသန ဝါသနာကြီးသည်။ ကွင်းဆင်းသုတေသနများ စွာပြုလုပ်ပြီး အမျိုးသားရေးအတွက် သမိုင်းအမွေချန်ရစ် နိုင်သူဖြစ်သည်။မန္တလေး ပညာရှင် စာရေးဆရာကြီများနှင့် ခင်မင်ရင်းနှီးသည်။










ဦးရွှေတောင် သီကုံးသော ကုသိုလ်တော်တိုက် အကြောင်း မူရင်း
Credit To Aung Zaw