မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ပံ့ပိုးကူညီရေးကော်မတီမှ ငလျင်ဘေးသင့်ပြည်သူများအား နေအိမ်များ ပြန်လည်တည်ဆောက်ပေး

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီ Myanmar Muslim Aid (MMAID) သည် ငလျင်ဘေးသင့် ပြည်သူများအား ၎င်းတို့၏ ကိုယ်ပိုင်မြေနေရာများတွင် တန်ဖိုးသင့် လုံးချင်းအိမ်များ ပြန်လည်ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

လုံးချင်းအိမ် အလတ်ဆိုဒ် (256 စတုရန်းပေ) တစ်လုံးအတွက် ခန့်မှန်း ငွေကျပ် သိန်း 50 ကုန်ကျမည်ဖြစ်ပြီး လုံးချင်းအိမ် အသေးဆိုဒ် (192 စတုရန်းပေ) တစ်လုံးအတွက် ခန့်မှန်း ငွေကျပ် သိန်း 30 ကုန်ကျမည်ဖြစ်သည်။ လုံးချင်းအိမ်တစ်လုံး အကြီးစားပြုပြင်ရန်အတွက် ခန့်မှန်း ငွေကျပ် သိန်း 20 နှင့် အသေးစားပြုပြင်ရန်အတွက် ခန့်မှန်း ငွေကျပ် သိန်း 10 ကုန်ကျမည်ဖြစ်သည်။

ယခုတွက်ချက်မှုသည် အလှူရှင်များအနေဖြင့် ကုန်ကျစရိတ်ကို ကြိုတင်သိရှိနိုင်ရန် ခန့်မှန်းတွက်ချက်ပေးထားခြင်းဖြစ်ပြီး၊ အကယ်၍ ခန့်မှန်းထားသည်ထက် ပိုမိုကုန်ကျပါက MMAID ၏ အလှူငွေစာရင်း (ဇကားသ်/လိလ္လာဟ်) မှ ထပ်မံဖြည့်တင်းသွားမည်ဟု ဆိုသည်။

MMAID မှ အသစ်ဆောက်ပေးမည့် လုံးချင်းအိမ် အလတ်ဆိုဒ်၊ အသေးဆိုဒ် Model ပုံများကို ပြသထားပြီး နေပြည်တော် တပ်ကုန်းမြို့နယ် ရွာသစ်ကျေးရွာ ရေဘေးတွင် ဆောက်လုပ်ပေးခဲ့သော အိမ်ပုံများနှင့် မိုခါမုန်တိုင်းတွင် ဆောက်လုပ်ပေးခဲ့သော အိမ်ပုံများအား အလှူရှင်များ လေ့လာနိုင်ရန် MMID Facebook page တွင် တင်ပြပေးထားပါသည်။

ထို့အပြင် ဗိသုကာအမွေအနှစ်များ ထိန်းသိမ်းရန် Classical Architect Company Limited မှ လည်း ငလျင်ဒဏ်ခံစားရသည့် ဗလီများအတွက် အခမဲ့ ဗိသုကာဒီဇိုင်း ရေးဆွဲခြင်း၊ အခမဲ့ အကြီးတန်းဗိသုကာ လက်မှတ်ရေးထိုးခြင်းများကို ဓမ္မဒါန အဖြစ် တာဝန်ယူကူညီ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

Classical Architect Company Limited သို့ ဆက်သွယ်လိုပါက တိုက်အမှတ် 133၊ အခန်းအမှတ် 301၊ 3လွှာ၊ လမင်းသာယာကွန်ဒို၊ စက်ရုံလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ၊ ဖုန်းနံပါတ် 01203719၊ 095416154၊ 09254200100 သို့ ဆက်သွယ်နိုင်ပါသည်။ အီးမေးလ်အနေဖြင့် [email protected] သို့ ဆက်သွယ်နိုင်ကြောင်းသိရပါသည်။

Spread the love

More From Author

စစ်ကိုင်းဂတ်တန်းဗလီဥက္ကဌကို ဗလီဖျက်သိမ်းနေရာဖယ်ပေးရန် ခရိုင်တပ်ဖွဲ့မှုးမှပြောဆိုဟုသိရ

မင်းတုန်းမင်းတရားကြီးက မက္ကာဟ်မြို့​တော်တွင် လှူဒါန်းခဲ့​သော ဧည့်ရိပ်သာကြီး

ဗီဒီယိုသတင်း

MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
Myanmar Muslims News Network
Myanmar Muslims News Network
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး