စစ်ကိုင်းဂတ်တန်းဗလီဥက္ကဌကို ဗလီဖျက်သိမ်းနေရာဖယ်ပေးရန် ခရိုင်တပ်ဖွဲ့မှုးမှပြောဆိုဟုသိရ

စစ်ကိုင်းမြို့ရှိ ဂတ်တန်း ဗလီ‌ဂေါးပက အား ခရိုင်ရဲတပ်ဖွဲ့မှူးက ဗလီမြေကို ဖျက်သိမ်း ပေးရန် အမိန့်စာထုတ်လိုက်ကြောင်း သိရပါတယ်။

တကယ်တော့ ဗလီမြေနှင့် ကပ်ရက် ရဲစခန်းမြေ နှစ်ခုလုံးကို အဂ်လိပ်ခောတ် ဗြိတိသျှအိန္ဒိယဘုရင်ခံရဲ့ ဆုတံဆိပ် ရရှိခဲ့သူလည်းဖြစ်၊ ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ သမ္မတထံမှ ဂုဏ်ထူးဆောင်ဆုများ ရရှိခဲ့သူလည်း ဖြစ်တဲ့ မွတ်စလင်ရဲအရာရှိတစ်ဦးက ဝယ်ယူ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ခင်ညွန့် လက်ထက်ကလည်း ဗလီမြေကို သိမ်းဖို့ ကြိုးစားခဲ့ဖူးပေမဲ့ မြေစာရင်း စာချုပ် စာတန်း ပြပြီး ဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။

အခုတော့ ဗလီနှင့် ရဲစခန်း ကပ်နေတာ မကြိုက်တဲ့ ခရိုင်ရဲမှူးက ဗလီမြေကို အတင်းအဓမ္မ ဖျက်ပီး သိမ်းယူဖို့ အမိန့်ထုတ်တယ်လို့ သိရပါတယ်။

အကယ်လို့ ရဲစခန်း က ပလီနား ကပ်နေတာ မကြိုက်ရင်လည်း သူတပါး အထွတ်အမြတ်ထား ရာ ပလီ ကျောင်းတော်ကို အတင်းဖျက်ဆီးမဲ့အစား ရဲစခန်းကို အခြားနေရာကို ဆောက်သင့် ပါတယ် ဒါဟာ လူမျိုးရေး ဘာသာရေး အစွန်းရောက် ဗုဒ္ဓဘာသာရဲမှူးရဲ့ မတရား ဗလီမြေကို ဖျက်ဆီးဖို့ ကြိုးပမ်းမူ့ တစ်ခုသာ ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာ မွတ်စလင်အသိုင်းအဝိုင်းကတော့ မိမိတို့ရဲ့ တန်ဖိုးထားရာ သမိုင်းဝင်အမွေအနှစ်တွေ နဲ့ ဘာသာရေးအဆောက်အအုံတွေ ကို အပြင်းအထန် ကာကွယ်သွားမယ်လို့ သိရပါတယ်။

Spread the love

More From Author

မြန်မာမွတ်စလင်သတင်းကွန်ရက် (MMNN) မှ volunteer သတင်း ထောက်များနှင့် ၊ အစ္စလမ် အာဘော် ဆောင်းပါး ရှင်များ အားဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ပံ့ပိုးကူညီရေးကော်မတီမှ ငလျင်ဘေးသင့်ပြည်သူများအား နေအိမ်များ ပြန်လည်တည်ဆောက်ပေး

ဗီဒီယိုသတင်း

MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
Myanmar Muslims News Network
Myanmar Muslims News Network
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး