အမေရီကန် နိင်ငံမှာ အထောက်အထားမဲ့ နေထိုင်သူများ မိမိကိုယ်တိုင် ပြန်ထွက်ပါက အမေရီကန် ဒေါ်လာ ၁၀၀၀ နှင့် အပြန်လေယဥ် လက်မှတ် အခမဲ့ ပေးမည်ဟု Trump ဆို

ထရမ့်အစိုးရက အထောက်အထားမဲ့ တရားမဝင် နေထိုင်သူများအား အမေရိကန်ပြည်ထောင်စုကနေ အလိုက်တသိ ထွက်ခွာပါက ဒေါ်လာ ၁,၀၀၀ နဲ့ အခမဲ့လေယာဉ်လက်မှတ် ပေးမည့် “self-deportation” အစီအစဉ်ကို ကြေညာလိုက်ပါတယ်။
မေလ ၅ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန (DHS) က ထုတ်ပြန်ခဲ့တဲ့ ဒီ အစီအစဉ်ဟာ တကယ်တော့ အတင်းအကြပ် လိုက်ဖမ်း ပြီ မှ ပြန်ပို့ ရတဲ့ ကုန်ကျစရိတ်ထက်သက်သာအောင် ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့တာပါ။ သူတို့ တွက်ချက်မှုအရ ဒီ self-deportation အစီအစဥ်ဟာ လူတစ်‌ယောက်ချင်းစီ လိုက်ဖမ်း ပြီ မှ ပြန်ပို့ ရတဲ့ ကုန်ကျစရိတ်ထက် ဒေါ်လာ ၁၇,၁၂၁ ကနေ ဒေါ်လာ ၄,၅၀၀ အထိ သက်သာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။
ပြန်ချင်တဲ့ သူတွေကတော့ CBP Home လို့ ခေါ်တဲ့ ဖုန်း app ကနေတဆင့် ဖောင်ဖြည့် ရမှာြစ်ပြီး အင်မီကရေးရှင်းက လက်ခံ ပြီးရင် အမေရီကန် ဒေါ်လာ ၁၀၀၀ နှင့် မိမိသက်ဆိုင်ရာတိုင်းပြည် အပြန် လေယဥ်လက်မှတ် အခမဲ့ ရမှာြစ်ပါတယ်။
” ဒီအစီအစဉ်ဟာ အမေရိကန်ပြည်သူတွေ ပေးတဲ့ အခွံ ဘဏ္ဏာငွေ လည်း ချွေတာရာရောက်ပြီး တရားမဝင်နေတဲ့ လူတွေလည်း အဖမ်းခံနေစရာမလိုပဲ ဂုဏ်သိက္ခာရှိရှိ ပြန်ဖို့ အခွင့်အလမ်းပေးထား တာပါ ” လို့ DHS ဆက်သွယ်ရေးမှူးက ကြေညာချက်မှာ ပြောခဲ့ပါတယ်။ဒီ အစီအစဥ်ကို ထွမ့် ထောက်ခံသူတွေကတော့ ကုန်ကျစရိတ်နည်းနည်း နဲ့ ပြန်ပို့ ရလို့ ချီးကြူးနေကြပေမဲ့ လူအများစုကတော့ ဒီလူတွေကို asylum တရားဝင် ခိုလုံခွင့်ပေး တဲ့ နည်းတွေရှိပါလျှက် အတင်းအကြပ် ချိန်း‌‌‌ခြောက် ပြန်ပို့ တဲ့ အတွက် ရူ့ ချကြပါတယ်။
ဒီ self-deportation အစီအစဥ် နဲ့ ပြန်မဲ့ သူတွေဟာ သူတို့ရဲ့ ဇရိုက်လက္ခဏာပေါ် မူတည်ပြီး နောင်တချိန်မှာ တရားဝင် နည်းလမ်းနဲ့ အမေရီကန် ကို ပြန်လာခွင့် ရနိင်မယ်လို့ ဆိုပါတယ်။


Spread the love

More From Author

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့အား ရှေးမြန်မာမင်းများက ချီးမြှင့်ခဲ့ပုံ

စစ်ကောင်စီက အပစ်ရပ်ဟု ပြောသော်လည်း ကော်သူးလေတွင် တိုက်ခိုက်မှုများ တိုးလုပ်နေ

ဗီဒီယိုသတင်း

MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှ ဦးရွှေမောင်၊ ဦးအောင်တင် နှင့်, ဒေါ်နီလာမြင့်တို့ အား တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
MMNN မှာ ဦးရွှေမောင်၊ ဦးအောင်တင်နှင့် ဒေါ်နီလာမြင့်တို့အား တွေ့ဆုံမေးမြန်းခန်း- အပိုင်း ၁
Myanmar Muslims News Network
Myanmar Muslims News Network
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေး ခွဲခြားနိပ်ကွပ်မူများအကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း - အပိုင်း(၁)
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
ဘာသာရေးခွဲခြားနှိပ်ကွပ်မူများ အကြောင်း MMNN နှင့် ဦးမျိုးဝင်းတို့ တွေ့ဆုံ မေးမြန်းခြင်း-အပိုင်း (၂ )
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး