အိန္ဒိယ-ပါကစ္စတန် တင်းမာမှုအရှိန်မြင့်လာခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဌာနမှ တုံ့ပြန်ချက်

အမေရိကန်အနေနဲ့ ပါကစ္စတန် – အိန္ဒိယ ခေါင်းဆောင်များအား ပဋိပက္ခမြင့်တက်မလာစေဖို့ တိုက်တွန်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အမေရီကန် နိုင်ငံခြားရေးဝန်ကြီး Mark Rubio နှင့် အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးများအကြား ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး Mark Rubio ဟာ ပါကစ္စတန် ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီနေ့ သို့မဟုတ် မနက်ဖြန်မှာ စကားပြောကြဖို့ မျှော်လင့်ထားကြောင်း” Bruce က ဆိုပါတယ်။

ထို့အပြင် Bruce က အမေရီကန် အစိုးရ အနေနဲ့ အိန္ဒိယ-ပါကစ္စတန် ‌ဒေသတွင်းအခြေအနေတွေ စောင့်ကြည့်နေပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့်တွင်သာမကပဲ အဆင့်မျိုးစုံမှာ ဆက်သွယ်ဆွေးနွေးနေပါတယ်လို့ ဆိုပါတယ်။

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုအရှိန်မြင့်လာခြင်း အဓိက အကြောင်းအရင်းကတော့ ဧပြီလ ၂၂ ရက်နေ့က အိန္ဒိယကက်ရှ်မီးယားဒေသမှာ လက်နက်ကိုင် ငါးယောက်က ခရီးသွားဧည့်သည်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ လူနှစ်ဆယ်ခန့် သေဆုံးခဲ့ပါတယ်။ အနောက်နိုင်ငံမီဒီယာများ နဲ့ မျက်မြင်သက်သေတွေ စကားအရ ဒီအကြမ်းဖက်သမားတွေဟာ ဟိန္ဒူဘာသာကိုးကွယ်သူများကိုသာ ရွေး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မူဟာ ဟာ ပါကစ္စတန်ဖက်က ပါဝင်ပတ်သက်တယ်လို့ အိန္ဒီယားဖက်က စွတ်စွဲခဲ့ပါတယ်။ပါကစ္စတန်ဖက်ကတော့ သူတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း နဲ့ ဒီလုပ်ရပ်ကိုလည်း မထောက်ခံခဲ့ကြပါဖူး။
မီဒီယာများရဲ့ အဆိုအရ အိန္ဒိယဟာ နစ်နိင်ငံကြား ရေ အရင်းအမြစ် သုံးဆွဲ မူ့ သဘေားတူညီချက်ကို ယာယီဖျက်သိမ်းပြီ လေ‌ကြောင်းနဲ့ ပါကစ္စတန်သင်္ဘောများ ဆိပ်ကမ်းဝင်ခွင့်ကို တားမြစ်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ နိုင်ငံနှစ်နိုင်ငံစလုံး နယ်စပ်တစ်လျှောက် စစ်တပ်ဖြည့်စီး ပြင်ဆင် မှုတွေ လုပ်ထားကြောင်းလည်း သိရပါတယ်။

ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအပြီးမှာ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက စစ် မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း နဲ့ ၂ ရက်ကနေ ၄ ရက်အတွင်း အိန္ဒိယနဲ့ စစ်ဖြစ်သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်နေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ကက်ရှ်မီးယားတိုက်ခိုက်မှုအတွက် ပါကစ္စတန်အား လက်တုံ့ပြန်ရန် မိမိတပ်မတော်အား အပြည့်အဝလုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ပါကစ္စတန်သတင်းနှင့် ရုပ်မြင်သံကြားဝန်ကြီး Attaullah Tarar က ထောက်လှမ်းရေးသတင်းအရ အိန္ဒိယဟာ ၂၄ နာရီကနေ ၃၆ နာရီအတွင်း ပါကစ္စတန်ကို စစ်စတိုက်ရန် ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

(သတင်းထောက် Oleh Velhan ရဲ့ ရေးသားချက်အား MMNN မှ ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်သည်။)

Spread the love

More From Author

ဘင်္ဂလားဒေ့ရှ် Jamaat-e-Islami ပါတီက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာများအတွက် သီးခြား သို့မဟုတ် လွတ်လပ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် တခု ထူထောင်ရန် အဆိုပြု

ဥပဒေရေးဆွဲရေးနဲ့ တရားစီရင်ရေး အတွက် AI ကို ပထမဆုံးအသုံးပြုသည့် နိုင်ငံ ယူအေအီး ဖြစ်လာ

ဗီဒီယိုသတင်း

Myanmar Muslims News Network
Myanmar Muslims News Network
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?