ပန်ကျူဘင်ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် ဂျမာ့တ်အစ္စလာမ်မီပါတီခေါင်းဆောင် များနဲ့ ဒါကာမှာ တွေ့ဆုံခဲ့ပါတယ်။ ဂျမာ့တ်အဖွဲ့က ရိုဟင်ဂျာများအတွက် သီးခြား သို့မဟုတ် လွတ်လပ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တခု ထူထောင်ရန်အဆိုပြုခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရိုဟင်ဂျာများအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်တစ်ခု သို့မဟုတ် သီးခြား တိုင်းပြည်တခု ထူထောင်ရန် တောင်းဆိုမှုများလည်း ဘင်္ဂလားဒေ့ရှ်မှာ မြင့်တက်လာခဲ့ပါတယ်။ ဒီတောင်းဆိုမှုကို ပါကစ္စတန်ထောက်ခံသော အမျိုးသားရေး အခြေခံတဲ့ ဂျမာ့တ်အစ္စလာမ်မီ ပါတီ က တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံစဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
မကြာသေးမှီက အမေရိကန်စစ်တပ်အရာရှိများ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲများနဲ့ တွေ့ဆုံခဲ့ ပြီးနောက် ဂျမာ့တ်အစ္စလာမ်မီခေါင်းဆောင်တစ်ဦးက ရိုဟင်ဂျာအများအတွက် ရခိုင်ပြည်နယ်မှာ လွတ်လပ်တဲ့ သီးခြား နိုင်ငံတစ်ခု ထူထောင်သင့်ကြောင်း အဆိုပြုခဲ့ခြင်းဖြစ်ပါတယ်။
ဂျမာ့တ်အစ္စလာမ်မီခေါင်းဆောင် ဆိုင်းဒ်အဗ္ဗဒူလာမိုဟာမက် တာဟာ က ရိုဟင်ဂျာ ၁၂ သန်းလောက် ဒုက္ခသည် စခန်းမှာ လူမဆန်စွာ နေထိုင်နေရတာဟာ အဓိက အဖြေမှန် မဟုတ်ကြောင်း နဲ့ ၎င်းတို့၏မူလဒေသဖြစ်သော ရခိုင်ပြည်နယ်မှာ ဖိနိပ်မူ့ ကင်းစွာ ပြန်လည် အခြေချနေထိုင်ရေးသာ အဖြေမှန် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
တရုတ်ကို ဒီအဆို တင်ပြရခြင်းအကြောင်းအရင်းဟာ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့က ဂျမာ့တ်ခေါင်းဆောင်တွေရဲ့ တောင်းဆိုမူကို တရုတ်ဗဟို အစိုးရထံ ဆက်လက်တင်ပြပေးမည်ဟု အာမခံခဲ့ကြောင်း သိရပါတယ်။