ရုရှားသမ္မတ ပူတင် ယူကရိန်းစစ်ပွဲကို ရပ်ဖို့ ဆန္ဒရှိမရှိ ထရမ့် သံသယဖြစ်ဟု ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီးယား ဇယ်လင်စကီးတို့ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဈာပနအခမ်းအနားမတိုင်မီ စနေနေ့က တွေ့ဆုံခဲ့ကြပါတယ်၊ ထရမ့်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဖက်က စစ်ရပ်မယ် ဆိုတာကို သူ့ အနေနဲ့ သံသယ ရှိ ကြောင်း ထုတ်ပြောခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဈာပနအခမ်းအနား တက်ရင်း လုပ်ခဲ့တဲ့ ထရမ့်နဲ့ ဇယ်လင်စကီး တွေ့ဆုံမှုဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက အိမ်ဖြူတော်မှာ အငြင်းပွားခဲ့ကြပြီးနောက် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံပွဲ ဖြစ်ပါတယ်။

ဇယ်လင်စကီး X (တွစ်တာ) အကောင့်မှာ “ကျွန်တော်တို့ အကြောင်းအရာအတော်များများ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးခဲ့သမျှကို အကောင်အထည်ဖော်နိုင်မယ်လို့လဲ မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့ပြီး၊ *”ကျွန်တော်တို့ ယူကရိန်း ပြည်သူတွေရဲ့ အသက်ကို ကာကွယ်ဖို့ ၊ စစ်အဆုံးသတ်ရေး စသဖြင့် နောက်ထပ် စစ်ပွဲမဖြစ်အောင် ငြိမ်းချမ်းရေး ကို ဦးတည်ပါတယ်လို့ ‌ပြေားခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးရဲ့ ရုတ်တရက် တိုက်ရိုက်တွေ့ဆုံမှုအပြီးမှာတော့ အရင် ရှရှား-ယူကရိန်း စစ်ပွဲပြီးဖို့ သူတို့ပြေားခဲ့တာတွေနဲ့ လွဲနေခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအပြီး ရောမက အပြန်မှာ ဒေါ်နယ်ထရမ့် က ရှရှားဖက်က စစ်ရပ်မယ်ဆိုတာကို သူ့အနေနဲ့ သံသယဖြစ်နေကြောင်း လူမှုကွန်ရက်တွေမှာ ထပ်မံဖော်ပြခဲ့ပါတယ်။

ထရမ့်ရဲ့ Truth Social စာမျက်နှာမှာတော့ ပူတင်ဖက်က စစ်ရပ်ဖို့ ငြိမ်းချမ်းရေး ဆွေနွေး နေစဉ်မှာပဲ ယူကရိန်း မြို့တွေနဲ့ ကျေးရွာတွေကို ဒုံးကျည်တွေနဲ့ ထပ်ပစ်ခတ်ခဲ့တာကို ရူံ့ ချခဲ့ပါတယ်။

“ဒါဟာ ပူတင်က စစ်ပွဲကို မရပ်ဖူး ဆိုတာ ပြနေတာပါ ။ သူက ကျွန်တော့်ကို တမင်အချိန်ဆွဲနေတာဖြစ်တယ် ၊ စီးပွားရေး ပိတ်ဆို့ မူ့ ဆန်ရှင်တွေ နဲ့ ကိုင်တွယ်ဖို့ လိုနေပါပြီ။ လူတွေ အသေအပျောက် လည်း များလွန်းနေပါပြီ!!!” လို့ ရေးထားပါတယ်။

ခုဆိုရင် ရှရှား-ယူကရိန်း စစ်ပွဲဟာ လေးနစ် ကြာခဲ့ပါြပီ။
ဒေါ်နယ်ထရမ့် ‌ပြေားခဲ့တဲ့ သူသမ္မတ မဲနှိင်တာနဲ့ ဒီစစ်ပွဲ ရပ်စေရမယ်ဆိုတဲ့ ကတိ နဲ့ ဆန့်ကျင်ဖက် ဖြစ်နေတာ တွေ့ရပါတယ်။

ကမ္ဘအရပ် ရပ်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ ကြတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနကို (ICC) က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပူတင်ကတော့ လာရောက် တက်နှိင်ခြင်း မရှိခဲ့ပါဖူး။

Spread the love

More From Author

ရုရှားကုမ္ပဏီ Rosatom က ပြည်သူများ ငလျင်ဒဏ် သင့်နေသော်လည်း အဏုမြူစက်ရုံ တည်ဆောက်ရေး ဆက်လုပ်သွားမယ်ဟု ဆို

မလေးရှားနိုင်ငံမှ ယာယီဆေးကုသရေးစင်တာ ဖွင့်လှစ်၍ အခမဲ့ဝန်ဆောင်မှုများ ပေးနေ

ဗီဒီယိုသတင်း

Myanmar Muslims News Network
Myanmar Muslims News Network
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?