မတ်လက ငလျင်ဒဏ် အပြင်းအထန်ခံရပြီး ပြည်သူများ ကယ်ဆယ်ရေး ၊ ပြည်လည်တည်ဆောက်ရေး လုပ်နေချိန်မှာ အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆက်လက် တည်ဆောက်သွားမယ်လို့ ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီ က ဆိုပါတယ်။
မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ လွန်ခဲ့တဲ့ တစ်လခန့် က အဏုမြူစက်ရုံအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်အရ မြန်မာနိုင်ငံမှာ ရုရှားနည်းပညာသုံး Small Modular Reactor (SMR) အဏုမြူစက်ရုံကို တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပြီး စွမ်းအား ၁၁၀ မဂ္ဂါဝပ် ထုပ်လုပ်ပေးနိင်မှာ ဖြစ်ပြီး ၅၅ မဂ္ဂါဝပ် reactors နှစ်ခုပါဝင်မယ်လို့ သိရပါတယ်။
“ငလျင်က Rosatom ကုမ္ပဏီ ရဲ့ အစီအစဉ်တွေကို မထိခိုက်စေပါဖူး” လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြေားခဲ့ပါတယ်။ “Rosatom ကုမ္ပဏီဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနဲ့ စံချိန်စံညွှန်းများကို လိုက်နာပြီး ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းများဖြင့် တည်ဆောက်ပါမယ်” လို့ ၎င်းက ဆိုပါတယ်။
Rosatom ကုမ္ပဏီဖက်ကတော့ စက်ရုံတည်နေရာ၊ တည်ဆောက်မည့်အချိန်ဇယားနဲ့ ပတ်သက်ပြီး အသေးစိတ်မဖော်ပြသေးပါဖူး ။ RITM-200N ရီအက်တာတွေကို အသုံးပြုမယ်လို့ ဆိုပါတယ်။အာဏာသိမ်း အစိုးရအနေ နဲ့ ဒီ ဆောက်လုပ်ခတွေ ဘယ်လိုပေးမလဲ ဆိုတာ စောင့်ကြည့် နေကြပြီး ရှရှားစီက အတိုးနူန်းနည်းတဲ့ ချေးငွေ တွေယူပြီး တည်ဆောက် နိင်တယ်လို့ ခန့်မှန်းကြပါတယ်။
အရှေ့တောင်အာရှ ပထမဆုံးအဏုမြူစက်ရုံဖြစ်တဲ့ ဖိလစ်ပိုင် Bataan အဏုမြူစက်ရုံ (၆၂၁ မဂ္ဂါဝပ်) ကို ၁၉၈၄ မှာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံအကုန်ကျခံ တည်ဆောက်ခဲ့သော်လည်း ၁၉၈၆ ခုနှစ်မှာ ချာနိုဘိုင်းအဏုမြူဘေး ဖြစ်ပွားမူ့ ကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
ဗီယက်နမ်ကတော့ ၂၀၁၆ မှာ အဏုမြူစီမံကိန်းကို ရပ်ဆိုင်းထားခဲ့သော်လည်း ယခုအခါ ပြန်လည်စတင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ရုရှားနဲ့ မြန်မာ ဟာ အဏုမြူနည်းပညာနဲ့ပတ်သက်ပြီး ဟိုးအရင်ကတည်းက ပူးပေါင်းဆောင်ရွက်တာတွေ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှစလို့ မြန်မာ စစ်ဗိုလ်တွေကို ရုရှားတက္ကသိုလ်မှာ အဏုမြူပညာရပ်တွေ သွားသင်စေခဲ့တယ်လို့ သိရပါတယ်။